ချမ်းအေးသာစံ ဇွန် ၆
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မန္တလေးဘူတာကြီး အဆောက်အဦအပေါ်မှ (၇၈)လမ်းနှင့် (၇၉)လမ်းကို ဆက်သွယ်ထားသည့် ဂုံးကျော်တံတား ပြန်လည်ဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဂုံးကျော်တံတား ပြန်လည်ဖွင့်လှစ်ခြင်းကို တိုင်းဒေသကြီး မြန်မာ့မီးရထားမှ အမှတ်(၃) မန်နေဂျာ ဦးနိုင်ဇော်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေး၊ ချမ်းအေးသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အမှတ်(၃) စစ်နယ်မြေမှ ဗိုလ်မှူးကျော်လွင်မိုး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဇေယျာငြိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်ပါဆောင်ရွက်ခဲ့ကြပြီး ဂုံးကျော်တံတားအခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့သည်။
မန္တလေးဘူတာကြီး အဆောက်အဦအပေါ်မှ (၇၈)လမ်းနှင့် (၇၉)လမ်းကို ဆက်သွယ်ထားသည့် ဂုံးကျော်တံတား ပြန်လည်ဖွင့်လှစ်ခဲ့ရာ အများပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှူရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေးတို့အတွက် လွယ်ကူလျှင်မြန်စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်းစံ/ ပြန်ဆက်)