လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်

လှိုင်သာယာ(အနောက်) ဇွန် ၅

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ စာပေဝါသနာရှင်များမှစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ ဖေမြင့်၏ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်မှ "ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း" ခေါင်းစဥ်ကို ဦးစီးအရာရှိ ဦးမြင့်ဇော်ကဆွေးနွေးပြီး စာပေဝါသနာရှင် ကိုဗညားအောင်က "စာဖတ်ခြင်းကြောင့် ဘာအကျိုးထူးတွေ ခံစားရနိုင်သလဲ" ခေါင်းစဥ်ကို ဆွေးနွေးပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်း​နောက် ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းပေးသောစာအုပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရုံးမှ ထပ်ဆင့်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန် /ဆက်)