မြောက်ဥက္ကလာပ ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၇၀ နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးအသိပညာပေးခြင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့က သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများရှိ ကျန်းမာရေး၀န်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော ဆီးချို ၊ သွေးတိုးရောဂါ ခံစားနေရသော သက်ကြီးဘိုးဘွားများအားကျန်းမာရေး ဗဟုသုတများအား အသိပညာပေး ဟောပြောပေးခြင်း၊ တီဘီရောဂါနှင့်ပတ်သတ်၍ အသိပညာပေးခြင်း၊ ကျန်းမာရေး၀န်ထမ်းများက သက်ကြီးဘိုးဘွားများအား အသက်ကြီး ပုဂ္ဂိုလ်စောင့်ရှောက်ရေး လုပ်ငန်းများ စမ်းသပ်စစ်ဆေးခြင်း၊ ဆီးချို၊ သွေးချို၊ သွေးတိုး ရောဂါစစ်ဆေးခြင်းနှင့် လိုအပ်သည့်ဆေး၀ါးများအား ထောက်ပံ့ပေးအပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)