မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်

မော်လမြိုင် ဇန်နဝါရီလ ၂၀

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့၌ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄၁) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့သို့စစ်ဆေးရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင်၌ အသွားအလာကန့်သတ်ထားရှိသူများ၊ ကျိုက်ထိုမြို့နယ် စစ်တောင်း တံတားထိပ် တွင်စစ်ဆေးခဲ့သူများ၊ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူများ၊ အထွေထွ ေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနတွင်စစ်ဆေးခဲ့သူများ စုစုပေါင်း(၁၅၀၃)ဦးကို  RDT  Test Kit  ဖြင့်စစ်ဆေးခြင်း နှင့်ပြည််သူ့ကျန်းမာရေး  ဓာတ်ခွဲမှု ဆိုင်ရာဌာန စစ်ဆေးမှုအရ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ (၄၁) ဦး ရှိပြီး ပိုးတွေ့ရှိသူများသည် မွန်ပြည်နယ်အတွင်း နေထိုင်သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွား အလာ ကန့်သတ်စောင့်ကြည့်မှုများ လုပ်ဆောင် သွားမည် ကြောင်း ဓာတ်ခွဲ အတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနေဖြင့် အုပ်ချုပ်ရေး (သို့မဟုတ်) နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားခြင်းဖြင့် အကူညီပေးကြပါရန် ပြည်သူ့ ကျန်းမာရေးဌာနမှ မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရသည်။                                      

ပြည်နယ်(ပြန်/ဆက်