မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုးကောင်း      ဇွန်     ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မေလ(၂)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။

စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျား(၃)ဦး၊ မ(၁၁)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသူ(၁၂)ဦးတို့က သစ်ပင်ပန်းမန် သဘာဝပတ်ဝန်းကျင်တည်ငြိမ်ရေးနှလုံးသားဖြင့်ကူညီပေးခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)