မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၁၇၀၀၀)ပင် ပျိုးထောင်ထားရှိ

မိုးညှင်း          ဇွန်     ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၁၇၀၀၀)ပင်ကို မြို့မသစ်တော ပျိုးဥယျာဉ်ခြံတွင် ပျိုးထောင် ထားရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးထားရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်၊ လေကောင်း လေသန့်များရရှိစေရန်နှင့် ထင်းသုံးစွဲမှုဖူလုံစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသရေမြေနှင့်ကိုက်ညီမှုရှိသည့် ပျိုးပင်မျိုးစုံကို ပျိုးထောင်ထားရှိပြီး နှစ်စဉ် မိုးရာသီကာလတွင် ဖြန့်ဝေ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီကာလအတွင်း လူထုဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် ဒေသရာသီဥတုနှင့်ကိုက်ညီသော ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ မန်ဂျာရှား၊ ကံ့ကော်၊ စိန်ပန်း၊ မဟော်ဂနီ၊ ခရေ၊ ရေတမာ၊ တောင်တမာ၊ ပိတောက်နှင့် ယင်းမာ စသည့် ပျိုးပင်ပေါင်း (၁၇၀၀၀)ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

ရွှေမိုးညှင်း