ပူတာအိုခရိုင်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်စရိတ်ပေးအပ်

ပူတာအို       ဇွန်    ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူး၍ ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်မိသားစု များ၏သား သမီး ကျောင်းသားကျောင်းသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်စရိတ်ပေး အပ်ခြင်းအခမ်းအနားကို ဇွန်(၁)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေး ခန်းမ၌ကျင်းသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်စရိတ်ပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းနိုင်က ပူတာအိုခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်မိသားစုများ၏သားသမီး ကျောင်းသားကျောင်းသူစုစုပေါင်း(၅၄)ဦးအတွက် ဗလာစာအုပ်(၅၄)ဒါဇင်၊ ခဲတံ(၅၄)ကဒ်၊ ဘောလ်ဘင်(၅၄)ကဒ်နှင့်ငွေကျပ်(၁၅၀၀၀၀၀)သိန်းကိုပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်