ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ''စဉ်းစားမိသောအတွေးများ" စာအုပ်နှင့် စာဖတ်ဝိုင်းပြုလုပ်

ခရမ်း ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် ''စဉ်းစားမိသောအတွေးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး Book Club အဖွဲ့ဝင် မစုစုက စာရေးဆရာကျော်ကျော်လှိုင်ရေးသားသည့် ''စဉ်းစားမိသောအတွေးများ" စာအုပ်တွင် လူတိုင်းသည် ကိုယ်ချင်းစာတရားထားရှိရမည်ဖြစ်ပြီး တစ်ဖက်သားအပေါ် အမြဲစဉ်းစားပေးဖို့ လိုအပ်ကြောင်း၊ သူတစ်ပါး၏အမြင်၊ ခံယူချက်နှင့်ယုံကြည်ချက်များကို အလေးထားသင့်ပါကြောင်းနှင့် မျိုးဆက်သစ်လူငယ်များ၏ အတွေးအခေါ်စိတ်ကူးများကို လက်ခံဆွေးနွေးပေးသင့်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း စာအုပ်ပါ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ Youth Club အဖွဲ့ဝင် မသဲစု၀င်းကလူ့စိတ်အကြံအစည်သည် တန်ခိုးကြီးမားဆုံး ဖြစ်ကြောင်း၊ စဉ်းစားတွေးခေါ်နိုင်သောသူသည် အရာရာကို သာလွန်တတ်မြောက်မည် ဖြစ်ပါကြောင်းနှင့် လူမှုရေးရာနယ်ပယ်တွင် ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်နှင်းဝေ(ခရမ်းပြန်/ဆက်)