ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းအေးသာစံ ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဦးစွာ ချမ်းအေးသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးတို့ကို​ ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေးက ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးတို့အား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ညွှန်ကြားချက်များနှင့်အညီ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(မြို့နယ်ပြန်/ဆက်)