ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ‌ဒေါ်နန်းခမ်းလူ တောင်ကြီးမြို့ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ကွင်းဆင်းကြည့်ရှုအားပေး

တောင်ကြီး ဇွန် ၂

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ ပြည်နယ်လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်‌ငွေလှိုင်၊ ပြည်နယ်အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ‌ဒေါ်တင်တင်ရီ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဓမ္မဝိဓူ (အုတ်ဖို) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတ‌ဂေဟာသို့ သွားရောက်၍ ဓမ္မဝိဓူ (အုတ်ဖို) ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဆန္ဒရာဇာဘိဝံသ အားဖူးမြော်ာ်ကြည်ညို၍ လှူဖွယ်ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းပြီး ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ယူမှုနေမှုအား ကြည့်ရှုအားပေးကာ ကျောင်းသား/ ကျောင်းသူများ၏ ကျန်းမာရေးကောင်းမွန်မှုရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသောသူများဖြစ်စေရန် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှားကြားခဲ့ကြောင်း သိရသည်။ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေါ်ကြီး၊‌ ဒေါ်ငယ် လူငယ်ဖွံ့ဖြိုးပရဟိတ‌ဂေဟာသို့ရောက်ရှိပြီး အိပ်ဆောင်နှင့် ထမင်းစားဆောင်တို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူး၊ မသန်စွမ်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့လည်းကောင်း၊ စိန်ပန်းရပ်ကွက်ရှိ ငြိမ်းချမ်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့လည်းကောင်း သွားရောက်၍ မသန်စွမ်းသူများနှင့် ကျောင်းသား/ ကျောင်းသူများကို တွေ့ဆုံအားပေးပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)