လင်းခေး၌ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်း(၃/၂၀၂၆)ဖွင့်ပွဲ အခမ်းအနား ကျင်းပ

လင်းခေး ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မီးသတ်ဦးစီးဌာနကကြီးမှူး၍ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၃/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ အဆိုပါသင်တန်းသို့ ခရိုင်တွင်းရှိ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၃၅)ဦး တက်ရောက်ကာ၊ သင်တန်းကာလမှာ ရက်သတ္တပတ်(၄)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)