‎မဟာအောင်မြေမြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း အခမ်းအနားကျင်းပ

မဟာအောင်မြေ ဇွန် ၁

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှူတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရပ်ရွာခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းကို မဟာအောင်မြေမြို့နယ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး စိုးမင်းက ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များပြောကြားခြင်း၊ မဟာအောင်မြေမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မဟာအောင်မြေမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦး‌မောင်မောင်က အဖွင့်အမှာစကား ပြောကြားခြင်း၊  အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဦးအောင်ဇော်မြင့်က ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး ရက်တိုသင်တန်းနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး ရက်တိုသင်တန်းကို နံနက်ကိုးနာရီမှ ညနေလေးနာရီအထိ သင်တန်းနည်းပြ ၃ ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦးတက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

‎‎အဆိုပါ သင်တန်းကိုမဟာအောင်မြေမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မဟာအောင်မြေမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦး‌မောင်မောင်၊ အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီးစိုးမင်း၊ အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဦးအောင်ဇော်မြင့်၊ မဟာအောင်မြေမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစည်သူကျော်၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။‎‎

အောင်ဇော်မင်း