ကျောက်ဆည် ဇွန် ၁
နိုင်ငံနှင့်တစ်ဝှမ်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ယနေ့နံနက်(၉)နာရီက အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မူလတန်း(၁၃၀)ကျောင်း၊ မူလတန်းလွန် (၂၅)ကျောင်း၊ အလယ်တန်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉) ကျောင်း၊ အထက်တန်းကျောင်း(၁၁) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၈ ကျောင်းရှိကျောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရကာ ကျောင်းများအားလုံးဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)