ပြည်ကြီးတံခွန်မြို့နယ်ရှိ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြား

ပြည်ကြီးတံခွန်  ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၈)ရပ်ကွက်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း‌ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ယနေ့နံနက်ပိုင်း ၉ နာရီက စတင်၍ ကျောင်းများစတင်ဖွင့်လှစ်ကာ ကျောင်းဆရာ/မများမှ ကျောင်းသား၊ ကျောင်းသူများအား စတင်ပညာသင်ကြား‌ပေးလျက်ရှိသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံပညာကျောင်း ၂၅ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၃၁ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၈၀ ရှိပြီး ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးရုံးထံမှ သိရ သည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)