မြင်းခြံမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မြင်းခြံ ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ယနေ့နံနက်မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၆၈) ကျောင်းတွင် ကျောင်းအပ်သည့် ကျောင်းသား၊ ကျောင်းသူများမှာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂၀၅၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄၀၆၆ ဦး၊ အထက်တန်းအဆင့် ၁၁၅၀ ဦး စုစုပေါင်း ၁၇၂၇၂ ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂၁) ကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၆၅၅၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂၂၇ ဦး စုစုပေါင်း ၇၇၈၃ ဦး၊ ကိုယ်ပိုင်ကျောင်း (၇) ကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈၇၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄၃၁ ဦး၊ အထက်တန်း အဆင့် ၂၆၉ ဦး စုစုပေါင်း ၁၅၇၈ ဦး အပ်နှံခဲ့ကြသည်။

မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူဦးရေ (၂၆၆၃၃) ဦး ကျောင်းအပ်နှံခဲ့ကြပြီး ယနေ့ဇွန်လ (၁) ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအသီးသီးတွင် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။  

ချစ်ဦးနွေ(မြင်းခြံ)