ပြည်ကြီးတံခွန်မြို့နယ်ရှိ Golden Star (KTV)၌ မီးဘေးသရုပ်ပြဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ပြည်ကြီးတံခွန် ဇွန် ၁

မန္တလေးတိုင်း‌‌ဒေသကြီး၊ မဟာအာင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်ရှိ Golden Star (KTV)၌ ယမန်နေ့ နံနက် ၁၁ နာရီက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးသရုပ်ပြ ဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့သည်။ 

ယင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေ တပ်ဖွဲ့၀င် (၈) ဦးဖြင့်   Golden Star (KTV)ရှိ ပိုင်ရှင်နှင့် ဝန်ထမ်းများအား ဟောပြောသရုပ်ပြများ ပြုလုပ်ခြင်း၊ လက်တွေ့သရုပ်ပြ လုပ်ဆောင်စေခြင်း၊ 191 report application အား ထည့်သွင်းပေးခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ပြန်/ဆက်)