မိုးညှင်းမြို့၌ စိုက်ပျိုးပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

မိုးညှင်း ဇွန် ၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်ပို့ချသည့် စိုက်ပျိုးပညာပေးသင်တန်းကို မေလ(၃၀)ရက် နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန့်မ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မိုးထွန်းက စိုက်ပျိုးပညာပေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးဦးတင့်မျိုးကိုက အဆိုပါသင်တန်းနှင့်ပတ်သက်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်များ မျိုးစေ့ထုတ်သည့်လုပ်ငန်းမှ စိုက်နည်းစနစ်မှန်ကန်စွာ တိုးတက်လာစေရေးနှင့်တောင်သူများမှ ပူးပေါင်းဆောင်ရွက်ကြစေရေး စသည်တို့ကို တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာငါးရွာမှ တောင်သူများ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေလ(၃၀)ရက်မှ (၃၁)ရက်အထိ နှစ်ရက်ကြာ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း