မိုးညှင်း ဇွန် ၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဇွန်လ (၁) ရက် နံနက်ပိုင်းမှစတင်ကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ရာတွင် မိုးညှင်းမြို့နယ်အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များ ပညာသင်ခွင့်ရရှိရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းဖွင့်လှစ်သည့် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း (၁၉၂) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်းစုစုပေါင်း (၁၉၄) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မူလတန်းကျောင်း (၁၁) ကျောင်း စုစုပေါင်း (၂၀၅) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား စိတ်အေးချမ်းမြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း