စဉ့်ကူးမြို့နယ်တွင် ပြည်သူများထံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ထရန်စဖော်မာအသစ် တပ်ဆင်ဆောင်ရွက်

စဉ့်ကူး     မေ    ၃၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့တွင်းနေ ပြည်သူများထံလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စဉ့်ကူးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများက အမှတ် (၂)ရပ်ကွက် ကွက်သစ်၊ အခြေခံပညာအထက်တန်းကျောင်းအနီးရှိ ထရန်စဖော်မာ အသစ်တစ်လုံးအား ယမန်နေ့က တပ်ဆင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အမှတ် (၂ )ရပ်ကွက် ကွက်သစ်ရှိ ထရန်စဖော်မာသည် နယ်မြေဒေသအခြေအနေအရ ​ပျောက်ဆုံးပျက်စီးခဲ့ခြင်းဖြစ်ပြီး ယခုအခါနယ်မြေတည်ငြိမ်အေးချမ်းနေပြီဖြစ်၍ အများပြည်သူ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ၁၁/၀.၄ ကေဗွီ ၃၁၅ ကေဗွီအေ ထရန်စဖော်မာအား မြို့နယ် လျှပ်စစ်မန်နေဂျာရုံးဝန်ထမ်းများက အသစ်ပြန်လည်တည်ဆောက်ပေးလျက်ရှိကြောင်း၊ အဆိုပါ ထရန်စဖော်မာ တပ်ဆင်ပြီးစီးပါက လျှပ်စစ်မီးသုံးစွဲသူဦးရေ ၂၆၀ ခန့်ထံသို့ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)