မိုင်းပန် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေး ဌာန (တောင်ကြီးမြို့)မှ တီဘီရောဂါကွင်းဆင်းရှာဖွေကုသရေးအဖွဲ့မှ ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ မွေတော်ပရိယတ္တိ ဘုန်းတော်ကြီး ကျောင်းအတွင်း၌ တီဘီရောဂါ၊ အရေပြားရောဂါ အမျိုးမျိုးနှင့် အခြားရောဂါများအား ရှာဖွေစစ်ဆေး ကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တီဘီရောဂါကွင်းဆင်းရှာဖွေကုသရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ စိုင်းခမ်းပန်ဖနှင့် အဖွဲ့ဝင်များနှင့်အတူ မိုင်းပန်မြို့နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်းထမ်းများ က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် တီဘီရောဂါသံသယလူနာများကို ကွန်ပျူတာဓာတ်မှန်စက်ဖြင့် ရှာဖွေ၍ကုသခြင်းအပြင် အရေပြား ရောဂါအမျိုးမျိုးနှင့် အခြားရောဂါများ ရှာဖွေစစ်ဆေးကုသပေးခြင်းဆောင်ရွက်ခဲ့ရာ မိုင်းပန်မြို့အတွင်းရှိ မြို့ပေါ် ရပ်ကွက် (၄) ရပ်ကွက်မှ ဒေသခံပြည်သူများ လာရောက်၍ ကုသစစ်ဆေးမှု ခံယူခဲ့ကြကြောင်း သိရသည်။ ထိုသို့ တီဘီရောဂါ ရှာဖွေကုသခြင်းများကို မြို့ပေါ်နေ ဒေသခံပြည်သူများအတွက်သာမက မိုင်းပန်မြို့နယ်အတွင်းရှိ ကျေးရွာနေ ဒေသခံ ပြည်သူများအတွက် ဇန်နဝါရီလ(၂ဝ) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကျေးရွာများသို့ သွားရောက်၍ ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)