အလုံ မေ ၃၀
အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သဇင်ခိုင်၏ လမ်းညွှန်မှုဖြင့် ဌာနာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကွင်းဆင်း၍ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်ဒေါ်မြတ်မွန်လှိုင် (အမျိုးသမီးကျန်းမာရေးဆရာမ)က အာဟာရအုပ်စုများအကြောင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများအကြောင်း အသိပညာပေးခြင်း၊ ဒေါ်သက်နွယ်လင်း (သားဖွားဆရာမ) က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများအကြောင်းနှင့် ပြည်သူများကိုယ်တိုင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်တတ်စေရန် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)