ပင်းတယမြို့နယ်၊ တောင်ပေါ်ကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများလက်ဝယ်ထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနား‎ကျင်းပ      

ပင်းတယ မေ ၃၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တောင်ပေါ်ကြီး ကျေးရွာအုပ်စု၊ ထင်ရှူးကုန်း‌ဘုန်းတော်ကြီးကျောင်းတွင် မေလ  ၂၉ ရက်နေ့က ပင်းတယမြို့နယ် မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးသည့်တောင်ပေါ်ကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများလက်ဝယ်ထံသို့ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းကအဖွင့်အမှာပြော ကြားသည်။ ထို့နောက်ပင်းတယမြို့နယ်မြေစာရင်းဦးစီးဌာန၊  မြို့နယ်ဦးစီးမှူးက လယ်ယာမြေ ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ကိုပေးအပ်ရာ တောင်သူများကလက်ခံရယူခဲ့ကြပြီးတောင်သူများ၏ကိုယ်စား တာဝန်ရှိသူတစ်ဦးကကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။ အဆိုပါ ပုံစံ (၇) ပေးအပ်ပွဲတွင်  တောင်ပေါ်ကြီးကျေးရွာအုပ်စုအတွင်းရှိ ဦးပိုင် ပေါင်း(၁၅၄)၊ တောင်သူပေါင်း(၁၂၉)ဦး၊ ကွင်းပေါင်း(၁)၊ ဧရိယာပေါင်း(၂၁၃)ဧကအားတောင် သူလယ်သမားများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုပုံစံ (၇) ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

အောင်ကိုဦး(ပြန်/ဆက်)