မိုင်းဖြတ် မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်ပွဲအခမ်းအနားကို မေလ ၂၈ ရက်၊ နံနက် ၈ နာရီက ဝမ်မိုင်ရပ်ကွက်အနီး ပြည်ထောင်စုလမ်းမကြီးဘေး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုင်းဖြတ်မြို့နယ်ကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်း၊ မိုင်းယန်းမြို့နယ်ကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းရီတစ်၊ မိုင်းယောင်းမြို့နယ်ကိုယ်စားပြု၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခစ်နွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌ ဦးလှမျိုး၊ (သုဓမ္မမဏိဇောတဓရ) ဦးထွန်းရွှေတို့က ရုံးသစ်ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမွှေးနံ့သာရေများပက်ဖျန်းခဲ့ကြသည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်