ဘိုကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စီမံကိန်းတာဝန် ပေးအပ်

ဘိုကလေး မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာဆွေအပါအဝင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာဆွေတို့က စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာများ၊ စီမံကိန်း အောင်မြင်ရေးအတွက် လုပ်ဆောင်ရမည့် ကိစ္စရပ်များအား ရှင်လင်းမှာကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မြို့နယ်တွင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရည်မှန်းချက် စီမံကိန်းတာဝန်များကို ကျေးရွာအုပ်စုအလိုက် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)