ဒလ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ဒလမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral CholeraVaccine-OCV) တိုက်ကျွေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဗညားဒလရပ်ကွက်ရှိ မဟာဓမ္မိကဓမ္မာရုံ၊ အောင်မင်္ဂလာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ဗိုလ်ရန်ပြေရပ်ကွက်ရှိ မေယုမြင့်မိုရ်ကိုယ်ပိုင်ကျောင်း၊ ကမာကဆစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် ကမာကသွယ်ရပ်ကွက်ရှိ အ.မ.က (၈) စာသင်ကျေင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေးရာနေရာများသို့ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာမှူးတို့မှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)