မိတ္ထီလာ မေ ၃၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးဆောင်ရွက်နေသော မိတ္ထီလာလွင်ပြင်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပေးဝေနေမှုအား မေလ ၂၈ ရက်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးဆောင်ရွက်နေသော မိတ္ထီလာလွင်ပြင်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပေးဝေနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ဒုတိယညွှန်ကြားရေးမှူးက မိတ္ထီလာလွင်ပြင်တွင် စိုက်ပျိုးဧက ၅၀၀၀ ရေပေးဝေနိုင်ရန် ဆောင်ရွက်ပြီးဖြစ်၍ စိုက်ပျိုးဧက ၈၀၀၀ အထိ တိုးချဲ့ရေပေးဝေနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆိုလာစနစ်ရေတင် စီမံကိန်း လေးခု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိုးကောင်းသောက်စိုက်ပျိုးဧရိယာမြေ ၃၉၅၀ ဧကအား စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေမည်ဖြစ်ပါကြောင်း တင်ပြခဲ့သည်။ ၎င်းနောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ထိန်းသိမ်းရေး) မှ ဦးစံမင်းထွန်းက စံမုံရေငုတ်ပြွန်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးဆောင်ရွက်နေသော မိတ္ထီလာလွင်ပြင်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပေးဝေနေမှုအား ကြည့်ရှု့စစ်ဆေးပြီး စိုက်ပျိုးဧက တိုးတက်ရရှိရန်၊ သီးထပ်၊ သီးညှပ်တစ်နှစ်လျှင် အနည်းဆုံး နှစ်သီးစိုက်ပျိုးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စမုံရေငုတ်ပြွန်မှ မိုးရာသီအမီ ဆောင်ရွက်ပြီးစီးမည်ဖြစ်၍ အကျိုးပြုစိုက်ပျိုးဧက ၄၂၄၃၉ ဧက စိုက်ပျိုးရေရှိနိုင်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)