ပြင်ဦးလွင်မြို့တွင် ၂၀၂၆ - ၂၀၂၇  ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

ပြင်ဦးလွင် မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းသွားကြမယ်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍  အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး  ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အဖွင့်အမှာစကားပြောကြားပြီး၊ တာဝန်ရှိသူများမှပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသော ထက်ဆင့်၊ လယ်ဆင့်နှင့် မူဆင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ ပေးအပ်ခြင်း၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသော  အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်အတွက် အခမဲ့ဖြန့်ဝေသော စာရေးကိရိယာနှင့် ဗလာစာအုပ်များ ပေးအပ်ခြင်း၊ ပညာရေးဝန်ကြီးဌာနမှ မူလတန်းထက်ဆင့်အတွက် အခမဲ့ဖြန့်ဝေသော ကျောင်းဝတ်စုံများပေးအပ်ခြင်း၊ မူလတန်းအောက်ဆင့်အတွက် အခမဲ့ဖြန့်ဝေသော  ကျောင်းဝတ်စုံများပေးအပ်ခြင်းတို့အား ကျောင်းသား/ ကျောင်းသူများထံသို့ အသီးသီးပေးအပ်ခဲ့ပြီးနောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)