မြင်းခြံ မေ ၃၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ယင်လုံအိမ်သာ အသုံးပြုနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် ယင်လုံအိမ်သာသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က အမှတ် ၂ ရပ်ကွက် ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဇင်မာသန်းထွန်းက ယင်လုံအိမ်သာအသုံးပြုနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဒေါ်ယဉ်ယဉ်မြင့်က စည်ပင်သာယာရေး ဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြ သည်။ ဆက်လက်၍ မြို့နယ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ ဇင်မာသန်းထွန်းနှင့် တာဝန်ရှိသူများက ယင်လုံအိမ်သာသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ပြောင်းပြာချောင်းအနီး အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၆ ရပ်ကွက်တို့မှ အိမ်ထောင်စုများက လက်ခံရယူခဲ့ကြသည်။
အဆိုပါယင်လုံအိမ်သာအသုံးပြုနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် ယင်လုံအိမ်သာသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ မြို့နယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဇင်မာသန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဒေါ်ယဉ်ယဉ်မြင့်နှင့် ပြောင်းပြာချောင်းအနီး အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၆ ရပ်ကွက်တို့မှ ပြည်သူများ ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)