ခရမ်းမြို့နယ်တွင် တောင်သူများအား မျိုးစပါးနှင့်သဘာဝမြေဩဇာများ ပေးအပ်ပွဲကျင်းပ

ခရမ်း မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ခရမ်းမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာများ ပံ့ပိုးပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲ တို့က အဖွင့်အမှာစကားပြော ကြားခဲ့သည်။ ထို့နောက်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်က သမဝါယမအသင်း အချင်းချင်း ပံ့ပိုးမှုဖြင့် မျိုးစပါးနှင့်သဘာဝ‌ မြေသြဇာပေးအပ်ခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက အသင်း(၄)သင်း၊ အသင်းသား(၂၀၀)အတွက် မျိုးစပါးနှင့် သဘာဝမြေဩ စာများကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ခင်နှင်းဝေ(ခရမ်း-ပြန်/ဆက်)