သိန္နီ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ တပေါင်းစျေးကွင်းအတွင်း၌ ယာယီဖွင့်လှစ်ထားသော ပျံကျစျေးအတွင်းတွင် ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mask Campaign ပြုလုပ်ရာသို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သီသီထွန်း ဦးဆောင်၍ ၀န်ထမ်းများလိုက်ပါလျက် ပျံကျစျေးအတွင်းတွင် သားငါး၊ ကုန်ခြေက်၊ ကုန်စိမ်းရောင်းချသူများထံမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရစေရေးအတွက် Mask တပ်ဆင်ထားခြင်းမရှိသည့် စျေးသည်များထံမှ စျေး၀ယ်ယူခြင်းမပြုစေရေး အသိပညာ ပေးခြင်း လုပ်ငန်းများ၊ Mask Campaign များကို အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖိုးချို (ပြန်/ဆက်)