မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မိုင်းယောင်း မေ ၃၀

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အထက(မိုင်းယောင်း)၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံကြစို့သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်က အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးခင်ဇော်ထွန်းက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်က အခမဲ့ထောက်ပံ့သော ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ် စုံနှင့် ပုံနှိပ်စာအုပ်များကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းသည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

မြို့နယ်(ပြန်/ဆက်)