ညောင်ရွှေမြို့နယ် မင်းချောင်းကျေးရွာ၌ လူမှုစီးပွားဘဝမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ မေလ ၃၀

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်းကြီးဌာနညောင်ရွှေမြို့နယ် သမဝါယမဦးစီးဌာနသည် ပထမရက် (၁၀၀)ကာလအတွင်း (သက်တန့်ရောင်)စီမံချက်ဖြင့် လူမှုစီးပွားဘဝမြှင်တင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြေပြင်ကွင်းဆင်း ခြင်းကို မေ ၂၉ရက် နံနက်ပိုင်း က အင်းလေးဒေသ မင်းချောင်း(နောက်) ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်ဆောင်ရွက်မှုတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီအရာရှိ ဦးမျိုးမြင့်ထွန်းက မင်းချောင်း(နောက်) ကျေးရွာ ပွင့်သစ်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းသားတောင်သူများနှင့်တွေဆုံ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျတ်ဖြင့် ဆောင်ရွက်မည့် (သက်တန့်ရောင်) စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး ကိစ္စရပ်များကို  ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီအရာရှိနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူများက ယခုနှစ်ရည်မှန်းချက် မိုးစပါး အထွက်တိုးမျိုးများစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့နှင့်ဓာတ်မြေဩဇာ သွင်းအားစုများအချိန်မီရရှိနိုင်ရေး ကိစ္စရပ်များကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

စိုင်းအယ်ဘဲ