ကျိုက်ထိုမြို့နယ်တွင် မှုခင်းကျဆင်း‌ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျိုက်ထို မေ ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်းပြီး မှုခင်းကျဆင်း‌ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ‌ဇေယျာမွန်ရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာဦးက မုဒိမ်းမှုလျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းလျော့နည်းကျဆင်းရေးနှင့် မှုခင်းကျဆင်း‌ရေးအသိပညာပေးများကို ဟော‌ပြော‌ပြီးမြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးထင်အောင်က လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြာခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးထင်အောင်နှင့်ဝန်ထမ်းများ၊ ဇေယျာမွန်ရပ်ကွက်အတွင်းရှိ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)