မြင်းခြံမြို့၌ မျိုးစေ့ထုတ်စံပြကွက်များအတွက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်း ဖွင့်လှစ်

မြင်းခြံ မေ ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ် ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် မျိုးစေ့ထုတ်စံပြကွက်များအတွက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းဖွင့်ပွဲ ကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် စီမံကိန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြင်းခြံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထွန်းလင်း၊ မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်နီနီဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုနှင့် တာဝန်ရှိသူ များက မျိုးစေ့ထုတ်စံပြကွက်များအတွက် သွင်းအားစုမျိုးစေ့များနှင့် ဓာတ်မြေဩဇာများကို ပေးအပ်ရာ တောင်သူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းကို ဆက်လက်သင်ကြားရာ သင်တန်းသား/သင်တန်းသူ တောင်သူ (၂၅) ဦးတက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)