မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ စပါးမျိုးကွဲ-ဆင်းဧကရီ-၃စပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်း

မိုင်းယန်း         မေ    ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကွဲ-ဆင်းဧကရီ-၃စပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို မေ ၂၈ ရက်နံနက် ၇ နာရီက မိုင်းလွေကျေးရွာရှိ တောင်သူဒေါ်နန်းရှဲန်ဖောင်း၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စံပြစိုက်ကွက်ရိတ်သိမ်းမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းဦးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းနှင့် ဝန်ထမ်းများ၊ မိုင်းလွေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းဆမ်နှင့် တောင်သူများမှ မိုင်းလွေရွာမ ကွင်းအမှတ်(၄/၁)၊ ဦးပိုင်အမှတ်(၇၃)၊ တောင်သူဒေါ်နန်းရှဲန်ဖောင်း၏ စပါးမျိုးကွဲ-ဆင်းဧကရီ-၃ စပါးမျိုး နွေစပါးစံပြစိုက်ကွက် ရိတ်သိမ်းမှုတွင် ပျမ်းမျှအထွက်နှုန်း စပါးအစို အထွက်တင်း (၁၁၄.၆၉)တင်း၊ ပျမ်းမျှအထွက်နှုန်း စပါးအခြောက် အထွက်တင်း (၁၀၄.၁၃)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး