ငါန်းဇွန် မေ ၃၀
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၇ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေးအစီအစဉ် ရက်(၁၀၀)စီမံချက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆေးကုသခံယူရန်ရောက်ရှိလာကြသော အသက် ၄၀ နှစ်နှင့် အထက်ပြည်သူများအား အရပ်အမြင့်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ခြင်း၊ CVD risk တွက်ခြင်းလုပ်ငန်းများဆောင်ရွက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များက ဆေးကုသခံပြည်သူများအား တစ်ဦးချင်းအလိုက် ဆေးကုသမှုများဆောင်ရွက်ပေးကြပြီး ကျန်းမာရေးဝန်ထမ်းများက ဆေးပေးခြင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)