မိုင်းယန်း မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၉ ရက်နံနက် ၈ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်း(ဈေးတန်း) ကျောင်းသား/ ကျောင်းသူ လေးများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး စစ်ဗျူဟာအဖွဲ့ (အချေခြ)မိုင်းခတ် စစ်ဗျူဟာမှူးဗိုလ်မှူးကြီးဇော်ထွန်းအေးမှ အဖွင့်အမှာစကား ပြောကြားပြီး မိုင်းယန်းခရိုင်စီ မံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူးဆရာမကြီး ဒေါ်ချိုချိုခိုင်မှ ကျောင်းအပ်နှံ ရေးနေ့နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့မှ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်မှ ပေးအပ်သော အခမဲ့ပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အသီးသီးပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ချုပ်ကြီးများက လက်ခံရယူခဲ့ကြပြီး အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်က ပြဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး