ရပ်စောက်၌ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ ရန်ပုံငွေလွှဲပြောင်း‌ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရပ်စောက် မေ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ညောင်သုံပင်ကျေးရွာ၌  ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောက်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို မေ ၂၈ရက်နေ့နံ ၁၀ နာရီက ညောင်သုံးပင်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက စီမံကိန်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက စီမံကိန်းရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကျေးရွာများမှတင်ပြချက်များအား အပြန်အလှန်ဆွေးနွေးပြောကြားကျေးရွာများကိုယ်စား ကျေးရွာတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရသည်။

မြို့နယ်ပြန်/ဆက်