ကျိုင်းတုံတက္ကသိုလ်၌ သင်ကြား၊ သင်ယူမှုလုပ်ငန်းများအတွက် ဉာဏ်ရည်တု (AI) အသုံးပြုခြင်း စာတမ်းဖတ်ပြိုင်ပွဲကျင်းပ

ကျိုင်းတုံ မေ ၂၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ သင်ကြား၊ သင်ယူမှု လုပ်ငန်းများအတွက် ဉာဏ်ရည်တု (AI) အသုံးပြုခြင်း စာတမ်းဖတ်ပြိုင်ပွဲကို မေ ၂၉ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း ခေမာရဋ္ဌ် ခန်းမတွင်ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနော်က အမှာစကားပြောကြားပြီး ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းလွင်က ဉာဏ်ရည်တု(AI)ကို အသုံးပြုခြင်းအားဖြင့် သင်ကြား၊ သင်ယူမှုလုပ်ငန်းတွေကို ခေတ်မီဆန်းသစ်ပြီး ထိရောက်တဲ့ လမ်းကြောင်းပေါ်ရောက်ရှိစေရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊ ထိရောက်ပြီး စနစ်ကျတဲ့ ပညာရေးစနစ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် လူသားတွေရဲ့ ပညာပဒေသာနှင့် ဉာဏ်ရည်တု (AI) တို့ကို ဟန်ချက်ညီ ပေါင်းစပ်အသုံးပြုသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျိုင်းတုံတက္ကသိုလ်ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်များက သင်ကြား၊ သင်ယူမှုလုပ်ငန်းများအတွက် ဉာဏ်ရည်တု (AI) အသုံးပြုခြင်းစာတမ်းများ ဖတ်ကြားကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)