သီပေါမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်းဆေးကုသပေးလျက်ရှိ

သီပေါ မေ ၂၉

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှု လုပ်ငန်းအား  ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် သီပေါပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် သီပေါမြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက် နာရီ မှ မွန်းလွဲ ၃ နာရီထိ သီပေါမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦး၊ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ လားရှိုး၊ ကျောက်မဲနှင့် သီပေါပြည်သူ့ဆေးရုံတို့မှ ဆေးရုံအုပ်ကြီးများ၊  သီပေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး အထွေထွေရောဂါ၊ ကလေးကျန်းမာပညာ၊ အရိုး/အကြောရောဂါပညာ၊ နား/ နှာခေါင်း/ လည်ချောင်း/ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ စိတ်ကျန်းမာရေး၊ အကြော/အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော် စသည့် အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသခဲ့ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း (၄၅၀)ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာနအနေဖြင့် ကွင်းဆင်းကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအား ၂၀၂၆ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ လုပ်ငန်းဆောင်ရွက်လျက်ရှိသော မြို့နယ်အားလုံးအား လွှမ်းခြုံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)