တိုက်ကြီး မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ အရာရှိမြေတိုင်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။
ဦးစွာ လယ်ယာကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားနေသည့် ဗီဒီယိုအားပြသပြီးနောက် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးသိန်းစိုးမင်းက သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများနှင့်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)