ဒဂုံတောင် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်ကြီးကြပ်ကာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မေ ၂၇ ရက်နေ့ နံနကိပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ တာဝန်ရှိသူများပူး ပေါင်းကာ ၇၀၊ ၇၁၊ ၇၂ ရပ်ကွက် ကျန်စစ်သားလမ်း (ဝဲ/ယာ) ရှိ လမ်းနယ်ကျူးကျော် (၁၀၀) အား ရှင်းလင်းခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းတို့ကို ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက လာရောက်ကြည့်ရူစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရှိရသည်။
နေမျိုးအောင်