မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်

မိုးညှင်း မေ ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဟဲလုံခေတ်မီစံပြကျေးရွာတွင် ခေတ်မီစံပြကျေးရွာအင်္ဂါရပ်နှင့်အညီ ကျေးရွာသန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေမျာကို ယမန်နေ့ နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကော်မတီဝင်များနှင့်အတူ ခေတ်မီစံပြကျေးရွာအင်္ဂါရပ်နှင့်အညီ ကျေးရွာတွင်းသန့်ရှင်းသာလာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ဆောင်ရွက်ပြီးလမ်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် ကျေးရွာနေပြည်သူများမှ မြောင်းအရှည်ပေ (၁၈၀၀)၊ အကျယ် တစ်ပေနှင့်အနက် တစ်ပေရှိ ရေမြောင်းတူးဖော်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မြို့နယ်ဦးစီးမှူးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း