ကိုကိုးကျွန်း မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Women Club အဖွဲ့မှ စာရေးဆရာ မောင်နေခြည်ရေးသားသော “သူတို့လောက သူတို့ဘဝ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြင့်သူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဒုတိယဦးစီးမှူးနှင့် Women Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှအကြောင်းအရာများကို အချင်းချင်းအပြန်အလှန် မိမိတို့ထင်မြင်ယူဆချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းများ ကျင်းပပေးခြင်းကြောင့် Women Club အဖွဲ့ဝင်များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရှိခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ဆက်လက်ဝေမျှနိုင်ခြင်း၊ စာဖတ်အား ပိုမိုကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)