ချမ်းမြသာစည် မေ ၂၈
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွန်ချက်နှင့်အညီ မြို့ပြအင်္ဂါရပ် သာယာလှပဖို့အတွက် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဖိုရမ် အခမ်းအနား (Mandalay Region Communications Sector Development Forum) ကို ယမန်နေ့နံနက် (၁၁)နာရီမှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟော်တယ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံးခွဲ တာဝန်ခံမှ ဖိုရမ်ဆောင်ရွက်ရခြင်း အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Improving Mobile Connectivity ခေါင်းစဥ်ဖြင့် ဆက်သွယ်ရေးမိုဘိုင်းအော်ပရေတာ (၄)ဦးမှ ဆွေးနွေးပြီး၊ Tower Expansion, Power Challengers & Infrastructure Sharing တာဝါကုမ္ပဏီမှ လည်ကောင်း၊ Backbone Expansion & Smart City Connectivity ခေါင်းစဥ်ဖြင့် ဖိုင်ဘာကုမ္ပဏီများမှ လည်းကောင်း၊ Clean City Connectivity: Responsible ISP Infrastructure for Urban Development ခေါင်းစဥ်ဖြင့် ISP ကုမ္ပဏီမှလည်းကောင်း ဆွေးနွေးကြသည်။
ဆက်လက်၍ မြို့ပြအင်္ဂါရပ် သာယာလှပဖို့အတွက် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို စနစ်တကျဖြစ်စေရန် ကဏ္ဍအသီးသီးအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့၍ ကဏ္ဍအသီးသီးအလိုက် အမေးအဖြေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလင်းသစ်(ပြန်/ဆက်)