မှော်ဘီ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ရေးလုပ်ငန်း မြို့နယ်အဆင့် ညှိနှိုင်းဆွေးနွေးပွဲအား ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးရုံးခန်းမ၌ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းနှင့် မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်အေးဝင်းတို့က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်စဉ်များအကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအခမ်အနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောမြထွန်း၊ စီမံကိန်းဦးစီးမှူး ဒေါ်ငုဝါကျော်၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေအဖွဲများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်