လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြော

လှိုင်သာယာ(အနောက်) မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စုပေါင်းရုံး၊ မြို့နယ်ခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) အထွေထွေမန်နေဂျာ ဒေါ်မေသန္တာ၊ အမှတ် (၆၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဉာဏ်မင်းကိုကို၊ ရပ်/ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာက သူတစ်ပါးထိခိုက်မှုအာမခံအကြောင်း အသိပညာပေးဟောပြောခြင်း၊ အမှတ် (၆၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောခြင်း၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (ရန်ကုန်မြောက်ပိုင်းခရိုင်ရုံး)မှ ဦးစီးအရာရှိ ဦးကျော်ကျော်ထွန်းက ယာဉ်မောင်းလိုင်စင်နှင့် ပတ်သက်သည့်အကြောင်းအရာများကို အသိပညာပေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြလျက် အမှတ်(၆၈) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တက်ရောက်လာကြသည့် ပြည်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်‌စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)