မိတ္ထီလာ မေ ၂၈
မိတ္ထီလာမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစိုက်ခင်းနှင့် သက်တန့်ရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နို့စားနွားမွေးမြူရေးလုပ်ငန်း အခြေအနေများကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် စက်ပစ်တောင်ကျေးရွာ စက်ပစ်တောင်နို့စားနွားမွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသော ရေဆင်း (၂)ပေါ်ဆန်းမွှေး နွေစပါးခင်းများ စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုပြီးနောက် သဲကုန်းကျေးရွာ မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နို့စားနွားမွေးမြူရေးလုပ်ငန်းအား ကြည့်ရှု၍ စနစ်တကျမွေးမြူထားရှိရန် လမ်းညွှန်မှာကြားပြီး ဒိန်ချဉ်၊ ဒိန်ခဲ၊ နို့ခဲ ထုတ်ပိုးထားမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ