မြစ်သား မေ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကူမဲမြို့ စာပန်းဥယျာဉ်စာကြည့်တိုက်နှင့် သာလွန်ကျေးရွာ မြင့်မြတ်သာလွန်စာကြည့်တိုက်များသို့ မေ ၂၇ ရက်နေ့နံနက်ပိုင်းက စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများအား တွေ့ဆုံ၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာကြည့်တိုက်များရေရှည်ရှင်သန် ခိုင်မာရေး၊ စာငှားစာဖတ်သူ တိုးပွားစေရန် စည်းရုံးဆောင်ရွက်ရေး၊ စာဖတ်ဝိုင်းများလစဉ်ဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကဗျာရွတ်၊ ပုံပြော၊ ပန်းချီပြိုင်ပွဲများ ကျင်းပနိုင်းရေး စသည်တို့ကို ဆွေးနွေးပြောကြားပြီး စာကြည့်တိုက်များအတွက် သုတနှင့်ရသအုပ်များပေးအပ်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဒေသတွင်းလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)