မြစ်သားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မြစ်သား မေ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက် နာရီခွဲအချိန်က ရွှေသူဌေးရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျန်စစ်သားခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာ၊ ဆရာမများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြစ်သားမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်  ဦးစန်းမြင့်က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌‌ရေး‌ကော်မတီ  အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိက ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူနိုင်ရေး၊ ကျောင်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျောင်းအပ်နှံရေးတို့နှင့်ပတ်သက်ပြီး လိုက်နာရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီ  အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက နိုင်ငံတော်မှအခမဲ့ပေးအပ်သော ကျောင်းဝတ်စုံများ၊ အထောက်အကူပြုစာအုပ်များ၊ စာရေးကိရိယာများကို ကျောင်းအုပ်ဆရာမကြီးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီသီကျော်(ကျောက်ဆည်)၊ မြစ်သားမြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး များနှင့်‌ ကျောင်းသား‌၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်